ငါ့ကလောင်သွား မြှားတစ်စင်းလိုထိုးဖောက် မင်းတို့ရင်ထဲအထိရောက်အောင် ငါပို့ဆောင်မယ်.........

Wednesday, December 12, 2007

ကောင်မလေး...သို့ (၂)

(၁)
ကောင်မလေးရေ..
မင်းဘက်က သဘောထား
ငါ့ကို သူငယ်ချင်းတဲ့လား..ဟင်။

(၂)
မင်းရဲ့အကြောင်း
အဆိုးအကောင်းတွေကို၊ လူတွေ့တိုင်းငါမေး
ဒါကို လမင်းလေးလဲ သိပါတယ်..။

(၃)
မင်းက ချန်ထား၊
ငါ့ကို ပစ်သွားပေမယ့်
အချိန်တိုင်းတမ်းတ၊ အောက်မေ့ရတာ
မစနေလဲ သိပါတယ်...။


(၄)
မင်းမလာရင်၊
မင်းနာမည်တကြော်ကြော်ခေါ်လို့
Chat ထဲမှာ အရူးတပိုင်း၊ အူရိုင်းခဲ့ရတဲ့
ငါ့အဖြစ်ကို
မင်းက သိမယ်မထင်ဘူးနော်..။

(၅)
ကောင်မလေးရေ..
ငါတို့ရဲ့ တွေ့ဆုံချိန်တိုင်းမှာ၊
မင်းက အခါများစွာ စိတ်ကောက်လို့
ပြန်ချော့မရတဲ့အခါတိုင်း
ငါလေ...နေထိုင်မရ၊ တသသနဲ့
မိုးလင်းရပေါင်း မနည်းပါဘူး..။

(၆)
မင်းနဲ့ဝေးနေတဲ့အချိန်မှာ..
ကြားလူတွေရဲ့စကား၊
ငါ့ရင်ကို ဓါးထက်ထက်နဲ့မွှမ်းသလို
အတင်းဆိုကြပေမယ့်..
ငါက မင်းကို အချစ်ပိုမြဲပိုနေတာ..
ငါပဲ မှားနေလား ကောင်မလေးရယ်...။

(၇)
သူငယ်ချင်းတွေအလယ်မှာ...
ငါဟာ လှောင်ပြောင်စရာတောင်ဖြစ်လို့
မင်းနဲ့ ပတ်သက်ရင်..
ငါ့အသိÓဏ်တွေအမှောင်ဖုံး..
စုံလုံးကို ကန်းနေတာပါ..။

(၈)
ကိုယ်ချစ်ကိုမရှာ၊ သူချစ်သာရှာတဲ့
ဟိုးရှေးရှေးက စကား
ငါ့ကို တည့်တည့်များ ပြောလေသလားလို့
တစ်ခါ တစ်ခါ စဉ်းစားမိတယ်...။

(၉)
မင်းအကြောင်းတွေးမိရင်၊
လုပ်နေကျအလုပ်တွေတောင်
ယောင်တောင်တောင်ဖြစ်လို့
အရင်က အမှားမရှိတဲ့ငါ
ခုဆို error တွေများများလာရပြီ..။

(၁၀)
ကောင်မလေးရေ..
ငါ့ဦးဏှောက် memory မှာ
မင်းအကြောင်းတွေနေရာအပြည့်
်freespace ကို မရှိတော့ပါဘူးကွယ်...။

(၁၁)
ငါ့နှလုံးသား hard disk မှာလည်း
မင်းရဲ့ အပြုံး Data တွေပြည့်လို့
ူLow Disk Space ဖြစ်နေပါပြီ..။

(၁၂)
ငါ့ရဲ့ ရင်ခုန်သံလည်း
Connection မမိတစ်ချက် မိတစ်ချက်နဲ့
Run Time error ဖြစ်ဖြစ်နေတာ..
မင်းသိရဲ့လား..ဟင်...

(၁၃)
ကောင်မလေးရေ..
ငါ့ရဲ့ error တွေကို
မင်းရဲ့ အပြုံး.. စကားလုံးတွေနဲ့
Repair လုပ်ပေးပါလားကွယ်..။

(၁၄)
မင်းဟာ..
ငါ့အတွက်တော့
ကျွမ်းကျင်တဲ့၊ Software Engineer ပါ..။

(၁၅)
မင်းရဲ့ နှလုံးသား Network နဲ့
ငါ Connection လုပ်ပါရစေနော်...။

No comments:

Post a Comment