ငါ့ကလောင်သွား မြှားတစ်စင်းလိုထိုးဖောက် မင်းတို့ရင်ထဲအထိရောက်အောင် ငါပို့ဆောင်မယ်.........

Wednesday, December 12, 2007

ကောင်မလေး...သို့ (၈)

(၁)
ကောင်မလေး....ရေ
ဒီတစ်ခါ မင်းရေးတဲ့စာ
ငါ့ရင်ကို နာကျင်စေလိုက်တာ....။

(၂)
ကြားလူတွေ..စကား
ငါက....
အလေးထားမယ်လို့
မင်းထင်နေလား..ဟင်....။

(၃)
ချီးမွန်းဖို့ထက်
ကဲ့ရဲ့ဖို့ပိုတတ်တဲ့ ပတ်ဝန်းကျင်
သတင်းကောင်းထက်၊ အတင်းအကြောင်းကို
မနှေးအမြန်ပေး၊ ငါတို့တွေဝေးအောင်
ကြံဆောင်နေတာ၊ မင်းကိုသိစေချင်တာပါ.....။


(၄)
ကောင်မလေး...ရေ...
မင်းရဲ့စကားလုံးတွေက
ငါ့ကမ္ဘာကိုဖျက်မယ့်
အမုန်းလက်နက်တွေလား..
ငါ ထင်မှတ်မှားမိတယ်.....။

(၅)
မင်းက ငါ့အတွက်
မျှော်လင့်ချက်တောင်
မထားသာအောင်
ပြတ်ပြတ်သားသား ဆက်ဆံ....

(၆)
ငါလေ..
ဟိုသီချင်းလို...
မနက်ဖြန်တောင် အသက်မရှင်ချင်တော့ပါဘူး
ကောင်မလေး..ရယ်....။

(၇)
ဟိုး..တစ်ခါ မင်းပြောဖူးသလို
ဖြူစင်တဲ့ ခင်မင်မှုကိုအရောင်ဆိုး
ငါက..
ရှေ့တိုးခဲ့သူပါ.....။

(၈)
အတိတ်ကာလ...
ငါတို့တွေဆုံစအချိန်တွေကို
နောက်ကြောင်းပြန်သွား..
ဖန်ဆင်းလို့များ ရဦးမယ်ဆိုရင်လေ....။

(၉)
မင်းရင်ခွင်ကို၊
ဘယ်သူမှ မ၀င်နိုင်အောင်သော့ခတ်...
မင်းအကြည့်၊ မင်းအပြုံး
အားလုံးကို အပိုင်သိမ်းလို့
ငါတစ်ဦးတည်းသာဆိုင်...
ငါ့မူပိုင်အဖြစ် ဖန်ဆင်းချင်ပါတယ်......။

(၁၀)
ကောင်မလေးရေ...
မေ့လိုက်တော့ဆိုတဲ့စကား...
ငါနားခါးလွန်းလို့
နောက်တစ်ခါ မကြားပါရစေနဲ့ကွယ်....။

(၁၁)
မင်းနဲ့ငါ စိတ်ကြိုက်..
ကြားလူတွေကို ဂရုမစိုက်ဘဲ
မနက်ဖြန်တိုင်းကို ပန်းရောင်ခြယ်...
အပြုံးတွေ ဖလှယ်ရအောင်လေ....။

No comments:

Post a Comment