ငါ့ကလောင်သွား မြှားတစ်စင်းလိုထိုးဖောက် မင်းတို့ရင်ထဲအထိရောက်အောင် ငါပို့ဆောင်မယ်.........

Wednesday, December 12, 2007

လမ်းပြကြယ်

တပည့်မရှား၊ တစ်ပြားမရှိ
ပီတိစားပြီး အားရှိသတဲ့
ဆရာ့သရုပ်ကို ဖော်ထုတ်တဲ့စကား.
စိတ်ထဲမှာ ခံစားလိုက်ရတာ...။

ဆရာဆိုတာ...
စာတတ်အောင်သင်ရုံမက၊
တပည့်တွေ လမ်းမှားမရောက်ရေး..
အစဉ်ပဲ့ပြင်ပေးတဲ့...
လမ်းပြကြယ်လေ...။

ဆရာဆိုတာ...
ကိုယ့်ကိုယ်ကို လှေကားထစ်လိုသဘောထား
နင်းတက်သွားသမျှ တပည့်တိုင်းကို
အကြင်နာထား၊ မေတ္တာပွားပြီး
ဖြူစင်စိတ်ထား ရှိကြသူတွေလေ....။


ဆရာဆိုတာ....
ကိုပျိုးသည့်ပန်း၊ ထာဝရလန်းအောင်
ရေလောင်း..ပေါင်းသင်..
နေပူမခ...ဖျက်ပိုးမကျစေရေး..
အစဉ် ဂရုစိုက်ပေးတဲ့....
ဥယျာဉ်မှူးလေ.....။

ဟိုး...မိုးမြင့်ကောင်းကင်မှာ
ကြယ်တစ်ပွင့်အဖြစ်
တပည့်တွေ ပဏ္ဍာတင့်တဲ့အခါ...
ပီတိနှလုံး၊ မေတ္တာဖုံးလို့
ဆရာဆိုတာ....
ထာဝရ ပြုံးနေမှာပါ.......။

No comments:

Post a Comment