ဒါပေမယ့် အဝေးမှာ ရွက်လွှဲပွင့်တဲ့ပန်းတွေ
တောင်ကြောတစ်ခုတည်း
ဒါပေမယ့် တစ်နေရာစီမှာ စီးတဲ့မြစ်တွေ။
ခု ပြန်တွေးရင်
ခု မျက်လုံးထဲ ဆောင်းကျတယ်
ငါတို့ရဲ့ နုနယ်ပျိုမျစ်ခြင်းက
အမေ့ကို သပ်ချလိုက်တဲ့ဇရာ
သားသမီးရဲ့ အသံဆိုတာ
စာမှန်မှန်ရောက်မှ မြင်ရတဲ့ အရိပ်ကလေး
ခုလောက်ဆို
ညိုညစ်ညစ် ၀ရန်တာလေး
ငေးနေမလား...။
ခရီးဆောင်အိတ်ကို ချလိုက်ရင်
အရာအားလုံး ပေါ့ပါးကြည်လင်
အတွေးထဲ
တစ်နှစ်တစ်ခါ မွှေးမြမယ့်ရက်က
တောင်စဉ်အသွယ်သွယ် ဖြတ်ပြီး
လက်ချိုးရေတွက်ရင်း
ငါ ပြန်လာမယ့်နေ့ဆီ ဥသြသံပေးလို့
နေညိုရင်
ငါက တိမ်ပြိုတယ်။
ဒါဟာ ဘ၀ရဲ့
ကတ္တီပါ လက်သီးပဲ။
သတိရခြင်းဟာ
အပူရှိတိုင်း
အတိုင်းအဆမရှိ ပြန့်ကားတတ်တဲ့စိတ်
အရေးကြုံလာရင်
အရေးပေါ်ခလုတ်ကို သတိရသလို
တိမ်းတိမ်းပွေပွေရှိတိုင်း
အဲဒီတောအုပ်ကို ငါဝင်ခဲ့။
လောကမှာ
ဒီသစ်ပင်လောက်
ဘာမှ မပြာတဲ့အကြောင်း
ပါးလျခန္ဓာနဲ့ အဆင်းမဲ့ပေမယ့်
ငါ့ကို လင်းတဲ့ကြယ်အကြောင်း
ဒီနှစ်ဆောင်းမှာလည်း
ငါ ဆေးမင်ကြောင်ထိုးမိရဲ့။ ။
အေးမင်းစော
No comments:
Post a Comment