ငါ့ကလောင်သွား မြှားတစ်စင်းလိုထိုးဖောက် မင်းတို့ရင်ထဲအထိရောက်အောင် ငါပို့ဆောင်မယ်.........

Friday, December 7, 2007

လွဲမှားသော ကုသမှု

ကြားနေကျ သူ့အသံလေးကို
နားစွင့် မနေတက်အောင် ကြိုးစားခဲ့ပေမယ့်
ကြားခဲ့ဘူးတဲ့ သူ့အသံတွေကိုတော့
နားထဲက ထုတ်ပြစ်လို့ မရခဲ့ပါဘူး.......။

မြင်နေကျ သူ့မျက်ဝန်းလေးတွေကို
လိုက်လံ မရှာဖွေတက်အောင် ကြိုးစားခဲ့ပေမယ့်
မြင်ခဲ့ဘူးတဲ့ မျက်ဝန်းတစ်စုံကိုတော့
အာရုံထဲက ဖြောက်ဖျက်လို့ မရနိင်ခဲ့မိဘူး.......။

မကျက်သေးတဲ့ ဒဏ်ရာဟောင်းတွေကို
ကြိုးစားပြီး ကုသနေ ခဲ့ပေမယ့်
တိုက်ဆိုင်မှုတွေ ကြုံလာတိုင်း
နာကျင်ခဲ့ဘူးတဲ့ နှလုံးသားတစ်ခုမှာ
ဒဏ်ရာသစ်တွေ တိုးလားခဲ့ပြန်တယ်......။

ရင်ထဲက ဝေဒနာတွေကို လျော့ပါးအောင်
ဒီ ကဗျာကို ရေးခဲ့ပေမယ့်
ဒီ ကဗျာတပုဒ်ရဲ့ အဆုံးသတ်မှာ
ငါ့ နှလုံးသား တစ်ခါ ကွဲအက်ခဲ့ပြန်တယ်.....။

(ကိုဆိုးသွမ်း ရဲ့ အလွမ်းသင့်သူ ဘလော့ခ်မှ)

No comments:

Post a Comment