ငါ့ကလောင်သွား မြှားတစ်စင်းလိုထိုးဖောက် မင်းတို့ရင်ထဲအထိရောက်အောင် ငါပို့ဆောင်မယ်.........

Sunday, December 16, 2007

ချစ်သူယက်တဲ့ပ၀ါ

နွေဦးရဲ့ တိမ်တွေလို
ကိုယ့်အိမ်ကိုယ်ပြန်ရတာနဲ့ပဲ အဆုံးသတ်
ကောင်မလေးရေ...
အလွမ်းတွေကိုပဲ “ငတ်” တယ်...
ဘ၀ဟာ မင်းရဲ့ ခြေသည်းခွံလေးတွေလောက်တောင်မှ
ကျကျနန မဖြူစင်ခဲ့ပါဘူး
အိပ်မက်တွေ ရွှံ့လို လူးခဲ့တယ်။
ကလေးရေ..ငါဆိုတဲ့ ခွေးရူးတစ်ကောင်
ကိုယ့်အမြီး ကိုယ်ပြန်ကိုက်
စိတ်နာ...နာ နေလိုက်ပုံများရယ်...
အဖြူရောင်လေထုထဲ
နှင်းတွေ တဖွဲဖွဲကျနေတဲ့ အသံ
ငါ့ရင်ဘတ်က မခံမရပ်နိုင်အောင် “နာ” လာရော...
သံယောဇဉ်ကို ချည်မျှင်တွေလို ယှက်သန်းတွယ်စေတဲ့
ငါ့ရဲ့ ယက္ကန်းသည်မလေးရေ...
ဝေးခဲ့တယ်။
ငါ့ရဲ့ ယက္ကန်းသည်မလေးရေ...
ဝေးခဲ့တယ်။
မင်း ယက်တဲ့ ပုဝါတစ်စအလှမ်းဟာ
လက်တစ်ကမ်းစာ မကပါဘူး
ကိုယ့်ဘ၀ ကိုယ်ပြန်ပေးယူရတဲ့အထိ ဝေးခဲ့တယ်....။

မင်းခိုက်စိုးစန်

No comments:

Post a Comment