ငါ့ကလောင်သွား မြှားတစ်စင်းလိုထိုးဖောက် မင်းတို့ရင်ထဲအထိရောက်အောင် ငါပို့ဆောင်မယ်.........

Wednesday, December 12, 2007

ကောင်မလေး...သို့ (၃)

(၁)
ကောင်မလေးရေ..
သံယောဇဉ်ဆိုတာ
လူတစ်ယောက်အပေါ်
ထားရခက်သလို .. ဖြတ်ရလဲ ခက်ပါတယ်...။

(၂)
မင်း ငါ့ကို
နာကျင်အောင် ဘယ်လိုပဲလုပ်လုပ်
ဘယ်လိုမှ မနာကျည်းနိုင်တာ
ဒီသံယောဇဉ်ကြောင့်ပဲလေ...။

(၃)
မေတ္တာဆိုတာလဲ
အလျားအနံ မရှိပေမယ့်
အသွားအပြန်ရှိတယ်တဲ့..
ပြောကြပြန်တယ်..။

(၄)
ငါ့မှာတော့...
မင်းရဲ့ နှလုံးသားမှတ်တိုင်မှာ
မေတ္တာဆိုတဲ့ ဘတ်(စ်)ကားအလာကို
စောင့်ရတာ..မောလှပါပြီ...။


(၅)
ကောင်မလေးရေ...
တန်ခူးမှာ မင်းပြန်လာမယ်တဲ့
ပိတောက်တွေ နှစ်ကြိမ်ဖူးပြီ
မင်းပြောတာ ဘယ်တန်ခူးလဲဟင်...

(၆)
ကိုယ်ကတော့
မင်းလာမှ ပွင့်မယ့် ပိတောက်ဖူးလေးပါ...
မင်း ရင်ခွင်မှာ ခိုဝင်လို့
မင်းရဲ့ မေတ္တာရေကြည်ဖြန်းမှ လန်းဆန်းနိုင်မှာလေ...

(၇)
ကိုယ့်ရဲ့ ဥယျာဉ်မှူးလေးရယ်
မင်းရဲ့ အကြင်နာ မြေသြဇာနဲ့
ကိုယ့်ရဲ့ ပန်းခင်းကို ပျိုးပါ...။
မင်း မေတ္တာရေကြည်နဲ့
ကိုယ့်မေတ္တာတစ်ပွင့်ပန်း
လန်းဆန်းပါရစေနော်...။

(၈)
ကိုယ့်ရဲ့ ပဲ့ကိုင်ရှင်လေးရယ်..
ငါ့ရဲ့ ဘ၀လှေကို
မင်းရဲ့ ဂရုဏာတွေနဲ့ ပဲ့ကိုင်ပါ..
မင်းအမုန်းတွေကိုတော့ မုန်တိုင်းအဖြစ်
မတိုက်ခတ်လိုက်ပါနဲ့နော်...

(၉)
ကိုယ့်ရဲ့ နတ်သမီးလေးရယ်..
မင်းဟာ ငါ့ရဲ့ အိပ်မက်ပါ
မင်းရဲ့ အချစ်တန်ခိုးနဲ့
ငါ့ကို အိပ်ယာကမနိုးအောင် ဖန်ဆင်းထားလေသလား...

(၁၀)
ကိုယ့်ရဲ့ ရွာသူရယ်...
ရင်ခုန်သံတွေကတိမ်းကပါးဖြစ်အောင်၊
မင်း ပြုစားလေသလား..
ကိုယ်ကတော့ မင်းမှ မင်းပါ.....

(၁၁)
ကိုယ့်ရဲ့ “အင်္ဂါနံ” လေးရယ်
မင်းဟာ ကိုယ့်ရဲ့ သမုဒ္ဒရာပါ
မင်းရဲ့ အချစ်ရေပြင်ကျယ်မှာ
ကိုယ် ငြိမ်းချမ်းပါရစေနော်.........။

No comments:

Post a Comment