ငါ့ကလောင်သွား မြှားတစ်စင်းလိုထိုးဖောက် မင်းတို့ရင်ထဲအထိရောက်အောင် ငါပို့ဆောင်မယ်.........

Wednesday, December 12, 2007

ကောင်မလေး...သို့ (၁)

(၁)
သူနဲ့ကျွန်တော်ရဲ့ ဇာတ်လမ်းအစ
Planet forum ကပေါ့ဗျာ...
မေလရဲ့မိုးစက်များအောက်မှာ
“လရောင်” ဆိုတဲ့ကောင်မလေး
ကျွန်တော့်ဘ၀ထဲရောက်လာခဲ့တယ်.။

(၂)
ညအမှောင်မှာ..
“လရောင်” ကို တမ်းတသလို
သူ့ email ကိုမျှော်
ကျွန်တော်ဟာ ပျော်ခဲ့ဘူးတယ်..။

(၃)
မတောက်တခေါက် ကဗျာတွေ
အပြန်အလှန်ရေး
ရင်ခုန်သံတွေ နွေးထွေးခဲ့ကြတယ်..။


(၄)
နောက်တော့..
ကျွန်တော်နဲ့ ကောင်မလေး
mm chat ရင်ခွင် အတူတူခိုဝင်လို့
ခင်မင်မှုနဲ့အစပြု၊
သံယောဇဉ်တွေ စုခဲ့ကြတယ်
အပြုံးချင်းဖလှယ်၊ စကားလုံးတွေကြွယ်လို့
ကျွန်တော်တို့ရဲ့ ရွှေရောင်ကာလများပေါ့..။

(၅)
ဒီလိုနဲ့..
သူငယ်ချင်းအဆင့်ထက် တရစ်တိုး
သူ့ကို မြတ်နိုးခဲ့တယ်..။

(၆)
သူသာကျွန်တော့်စကြ၀ဠာ
နေရာတိုင်းမှာ သူ့မျက်နှာပေါ့
(ကိုယ်ရဲ့ “အင်္ဂါနံ” လေးရယ် မင်းဟာကိုယ့်ရဲ့ပထမပါ)

(၇)
ဒါပေမယ့်..
မေလရဲ့မိုးစက်များအောက်မှာ၊
ကျွန်တော့်အသည်းတွေ ဟက်တက်ကွဲ
မျက်ရည်မစဲခဲ့ရတာ၊ သူကတော့မသိ
ရင်မှာမချိခဲ့ပါဘူးဗျာ..။

(၈)
ကျွန်တော့်ကို ချန်ထား..
သူ...
တခြားရင်ခွင် ခိုဝင်သွားတယ်လေ..။

(၉)
ဂျင်းစိမ်းနဲ့ မိဿလင်
သူကြင်မှ ကိုယ်ကြင်ဆိုပေမယ့်
မမေ့နိုင်သူ ဒီကလူမှာတော့
အချိန်တိုင်းနွမ်း၊ မင်းကိုလွမ်းတာ
မင်း ... သိပါ့မလား..ဟင်..။

(၁၀)
ရင်မှာလွမ်းရင်၊ မျှော်တိုင်းမြင်လွန်းလို့
တမ်းတခါခါ၊ လွမ်းရတာလည်း
သူငယ်ချင်းတွေအားလုံးအသိ
မင်း..ကြုံရင်မေးကြည့်ပေါ့..။

(၁၁)
ကောင်မလေးရေ..
ဖြစ်ခဲ့သမျှကိုမေ့ကာ.၊ မင်းနဲ့အတူစာနာလို့
မင်းမြင်တတ်ရင်ငဲ့ကြည့်
မင်းနဘေးမှာ ကိုယ်ရှိမယ်...။

No comments:

Post a Comment