ငါ့ကလောင်သွား မြှားတစ်စင်းလိုထိုးဖောက် မင်းတို့ရင်ထဲအထိရောက်အောင် ငါပို့ဆောင်မယ်.........

Monday, December 10, 2007

မမ..နတ်သမီး

မ......
ကျွန်တော့်ရဲ့ဘ၀မှာ
မ သာ ကိုးကွယ်ရာပါ....

မ.....
ကျွန်တော့်ကို သနားရင်
မုန်းတဲ့မဲ့ပြုံး ၊ စကားလုံးတွေ
မသုံးနှုန်းပါနဲ့နော်.....

မ....
မ နဲ့ မျက်လုံးချင်းဆုံတိုင်း
ကျွန်တော့်ရင်မှာ...
မုန်တိုင်းတွေဝင်မွှေ
အသင်္ချေပါပဲ မ..ရယ်.....


မ...
မ ရဲ့ စကား၊ သကာပျားလို
နားဝင်ချိုလို့
အိပ်မက်ထဲတောင် ပြန်ကြားတယ်.....

မ...
မ ရဲ့ အပြုံး၊ မိုနာလီဇာရှုံးလို့
အချိန်တိုင်းမှာ၊
မြင်ယောင်တယ်...

မ...
မ ရဲ့အနားမှာ..
ထားရာနေ စေရာသွားလို့
မအလိုကျ....
ကျွန်တော့်ကို အသုံးချပါ မရယ်.....

မ....
အရာရာတိုင်းမှာ ..
မကို အရိပ်တကြည့်ကြည့် သတိပြုမိနေတာ
မ..သိပါ့မလားဟင်....

မ...ကို....ချစ်တာ
အစဉ်သာမို့....
မ သိပါစေ..တောင်းဆုချွေသည်...
လူဆိုးလေး ကျွန်တော့်ကို
မချစ်ရင်တောင် ကြင်နာပါ.....။

No comments:

Post a Comment