ငါ့ကလောင်သွား မြှားတစ်စင်းလိုထိုးဖောက် မင်းတို့ရင်ထဲအထိရောက်အောင် ငါပို့ဆောင်မယ်.........

Wednesday, December 12, 2007

ကောင်မလေး...သို့ (၆)

(၁)
ကောင်မလေး....ရေ
နေ့စဉ်နှင့်အမျှ၊ တွေ့မြင်ခွင့်မရသမို့
ငါလေ...မင်းကို
စိတ်မချချင်ဘူးကွယ်.......။

(၂)
ခဲမှန်ဖူးတဲ့ စာသူငယ်လို...
အရင်တခါလည်း...
ကြားလူဝင်လို့၊ စိုးနှောင့်ဗျာပွေ
ငါလေ...မျက်ရည် ဝေခဲ့ရပြီးပါပြီ......။

(၃)
သူငယ်ချင်းတွေစကား...
နားခါးလွန်းလို့၊
အားလုံးကို တော်လှန်၊ ငါလေ..ခုတော့
ခပ် ဂျစ်ကန်ကန်ကောင် ဖြစ်နေပြီ....။


(၄)
ကောင်မလေး...ရေ
မင်းရေးတဲ့စာ...ငါ့ရင်မှာ ၀မ်းသာလို့
အထပ်ထပ်အခါခါဖတ်....
ကွန်ပျူတာသာ..စကားတတ်ရင်...
ငါ့ကို ...အသည်းပိုလို့ ပြောလောက်ပြီ.....။

(၅)
မင်းရင်ထဲကို၊ ထွင်းဖောက်မမြင်သာလို့
ရင်ထဲမှာ ဘယ်လိုခံစား
ငါ....သိများ သိချင်လိုက်တာ....။

(၆)
ခုနေခါ၊ ဟိုးရှေးရှေးက ပုံပြင်လို
တ..လိုက်တိုင်းရ..စိတ်တိုင်းကျမယ်ဆိုရင်..
ငါလေ...
မာစီးဒီးစ်လဲ မလိုချင်၊ ကင်မရွန်ဒိုင်ယက်ဇ်လဲ..မတပ်မက်
မင်းအချစ်စစ်သာ....ငါ့အတွက် ဖြစ်ပါစေလို့
ဆုတောင်းမိမှာပဲ ကောင်မလေးရယ်......။

(၇)
ကောင်မလေးရေ...
တစ်ပတ်မှာ တစ်ရက်လောက်သာတွေ့ရ...
ငါတို့ဘ၀ကြောင့်.....
နေ့ရက်တိုင်းကို..
ပျော်စရာအပြည့်၊ ဘယ်အခါမမေ့တဲ့
စနေနေ့ပဲ ဖြစ်ချင်တယ်.....။

(၈)
မင်းက..အနောက်ကမ္ဘာ၊
ငါက အရှေ့မှာမို့
မတူခြားနား၊ နေ့ ည များကို
တွန်းလှန်ဖယ်ရှား....
ငါလေ..ကမ္ဘာသစ်တစ်ခုဖန်ဆင်းမယ်.....။

(၉)
ငါ့ရဲ့ကမ္ဘာ..ရိပ်ဆာယာမှာ၊
မင်း...
ဘ၀င်သိမ့်နွေး၊ ရွှေရင်အေးအောင်
ငါ့တေးသံသာ....လွင့်ပျံ့ဖြာစေမယ်.....။

(၁၀)
နွမ်းနယ်..မောပန်း၊ စိတ်မရွှင်လန်းလို့
အမောအပမ်းဖြေ၊ မင်း..မှေးစက်မယ်ဆိုရင်လေ....
ညင်သာဖွဖွ၊ တေးဆိုပြလို့..
ငါလေ..
အိပ်ဖန်စောင့်လေး၊ လုပ်ပေးမယ်....။

(၁၁)
ကောင်မလေး....ရေ...
ငါ့ရဲ့ကမ္ဘာ၊ ရင်ခွင်သာမှာ...
မင်း...မေတ္တာပန်း၊ အစဉ်လန်းအောင်
ငါလေ.......
စမ်းရေအေးနဲ့၊ ပန်းလှေကားလေး ခင်းထားတယ်........။

No comments:

Post a Comment