ပြန်ချစ်ကြတာ
သဘာဝပါကွယ်.....။
စစ်ဖြစ်နေတဲ့ ကာလ
အချစ်မျက်ရည်တွေ
အခါခါကျတာတော့.....
ရင်ထဲက
တသသ နာလွန်းတယ်.....။
မခွဲနိုင်မှန်း သိလျက်နဲ့
စကားနိုင်လု၊
သ၀န်တိုမှုတွေ
တဖြည်းဖြည်းစု
စိုးရိမ်ပူပန်မှုတွေက...
မြင့်သထက်မြင့်
ရန်ဖြစ်တဲ့ အဆင့်ကို
မာန်ဝံ့ပြီး တက်ခဲ့ကြတာ
ဘယ်သူမှားသလဲကွယ်....။
အချစ်ရယ်...
ရန်မဖြစ်ကြေး
ပြန်စစ်ဆေးကြမယ်ဆိုရင်...
နင်လည်း...နာ၊ ငါလည်း....နာ
နင်လည်း...လွမ်း၊ ငါလည်း....လွမ်း
နင်လည်း....ငို၊ ငါလည်း....ငို
ကမ္ဘာပြိုမတတ်ပါဘဲကွယ်။
ချစ်သူအချင်းချင်း
တိုက်တဲ့...စစ်
မုန်းလို့မှ မဖြစ်ဘဲ။
မုန်းမေ့လို့ မရကြမယ့် အတူတူ
(စစ်မဖြစ်ကြေး)
ဟောဒီ့ အချစ်လက်ရေးနဲ့
(ငြိမ်းချမ်းရေးသ၀ဏ်လွှာလေး)
နင့်ကို.....ပေးလိုက်ပါရစေ။
နေ့လည်း...လွမ်း၊ ညလည်း....လွမ်း
မျက်ရည်တစမ်းစမ်းနဲ့
ရန်ဖြစ်ပြီးမှ၊ ပြန်နမ်းမိတဲ့...အနမ်း
ငါ့...ရင်ထဲ.....
ပိုလွမ်းသွားရပြန်ပြီကွယ်။ ။
မောင်လှမျိုး (ချင်းချောင်းခြံ)
(မှော်မင်းသမီး..စာအုပ်မှ)
No comments:
Post a Comment