ငါ့ကလောင်သွား မြှားတစ်စင်းလိုထိုးဖောက် မင်းတို့ရင်ထဲအထိရောက်အောင် ငါပို့ဆောင်မယ်.........

Friday, November 30, 2007

လွမ်းတဲ့....လမ်း

လွမ်းတဲ့ လမ်းမှာ
ပန်းလည်းမပွင့်
ရင်နင့်စရာ......။

လွမ်းတဲ့ လမ်းမှာ
ရွက်သစ်မဝေ
ရွက်ခြောက်တွေပဲ
ကြေကွဲစရာ......။

လွမ်းတဲ့ လမ်းမှာ
စမ်းလည်းမစီး
ဝမ်းနည်းကြီးမား
သီးခြားကမ္ဘာ.....။

လွမ်းတဲ့ လမ်းမှာ
ချစ်သူမတွေ့
မပျော်မွေ့ဘူး.....၊
ရင်မှာစူးလျက် ရူးချင်စရာ.....။

လွမ်းတဲ့...
လမ်းမှာ... ....
... .... ....။ ။

မောင်လှမျိုး (ချင်းချောင်းခြံ)

No comments:

Post a Comment