ဘယ်လိုခရီးမျိုးလဲ…
မပြီးမချင်း..လျှောက်…
ဘယ်တော့မှ နောက်ကိုပြန်မရောက်တော့ဘူးတဲ့….
တစ်နှစ်ပြီးတစ်နှစ်..
အသစ်ဖြစ်လာတဲ့ မျှော်လင့်ချက်များ…
အဆုံးမသတ်နိုင်တဲ့ အလိုရမ္မက်များ နဲ့…
လောကကြီးကို တစောင်းတိုက်ရွေ့လျား..
အတ္တစိတ်တွေလဲ တော်တော်ကြီးထွားနေပြီ….
ဘ၀မှာ..
ကိုယ့်ကိုယ်ကို..ကြည်ညိုနိုင်ဖို့က အရေးအကြီးဆုံးတဲ့..
တဇွတ်ထိုးဆန်ဆန်..ဆုံးဖြတ်ချက်မြန်တတ်တဲ့..
ငါ့စိတ်ဓါတ်ကို…
တစ်ခါတစ်ခါမုန်းတယ်….
ကောင်းသလား..ဆိုးသလားမသိ..
မနက်ဖြန်ဆိုတာ..
ကြိုတင်ပြီး လှန်ကြည့်လို့မရတဲ့..
စိတ်ဝင်စားစရာ စာမျက်နှာလေ…….
အနာဂတ်မှာ..မွှေးမြ
အိပ်မက်တွေ လှပစေဖို့အတွက်…
ငါ့ကိုယ်ငါ..ယှဉ်ပြိုင်…
မနက်ဖြန်ဆိုတာ…
ငါ့အတွက်တော့…
ရွှေရောင် ပန်းတိုင်ပေါ့…..
နောက်မကျသေးပါဘူး…
စောင့်မျှော်နေခဲ့ရတဲ့..အခွင့်ထူးတွေရယ်…
ဖမ်းယူဆုပ်ကိုင်…ပိုင်ဆိုင်စေဖို့…
ပညာအတတ်နဲ့…
ငါ…
ပိုက်ကွန်ယက်ထားပါ့မယ်……
တစ်နေ့နေ့…
မင်းနဲ့တွေ့ချိန်ကျရင်…
တောက်ပတဲ့ ကြယ်တစ်စင်း အဖြစ်
ကောင်းကင်မှာ ..
ငါ့ ကိုယ်ငါ လင်းမယ်…..
ဖြတ်သန်းခဲ့တဲ့ တစ်လျှောက်..
အချိုးအကွေ့တွေ ဘယ်လောက်များပါစေ..
ပြန်မရေတွက်.. မိုင်တိုင်တွေကို မမှတ်တော့ဘူး…
ဒီအချိန်ကစ…
ဘ၀ကို…..
ခြေလှမ်းသစ်နဲ့ ပြန်စမယ်………
((လေးညှို့ရှင်))
9.4.2012
08:30 AM
No comments:
Post a Comment