ရင်ခုန်..ရစ်မူး…
အရူးကြီး.. ရူးခဲ့ဘူးပါရဲ့….
ဝေးရတဲ့ အချိန်တွေကို ရေတွက်…..
အပြုံးတွေကို… အလွတ်ကျက်ခဲ့ဘူးတယ်…………..။
မပြောတတ် မဆိုတတ်..
သူ့ရှေ့မှာ မတ်မတ်ရပ်လို့…
သူ့အကြည့်တစ်ချက်မှာ…
ကျွန်တော့်မနက်တွေ…လှပခဲ့ဘူးတယ်……။
ရင်နင့်အောင်စူး…
အဦးဆုံး .. ပန်းအဖူးမို့…
သူ့မျက်နှာကို မှန်လိုရှု..
သူ..တောင့်တသမျှ … ဘာမဆို.. ရစေခဲ့တယ်……။
မဖြစ်နိုင်မှန်း သိပေမယ့်…
တစ်နေ့နေ့မှာ ချစ်လာမလားဆိုတဲ့..
ေ၀၀ါးတဲ့ မျှော်လင့်ချက်တွေနဲ့…
အိပ်မက်တွေ မက်ခဲ့ဘူးတယ်……။
မတွေ့ရတဲ့ နေ့ရက်တွေဆို..
မနေတတ် မထိုင်တတ်..
ရင်ဘတ်ထဲမှာ..
ပူလောင်ကွဲအက် နေခဲ့ဘူးတယ်…..။
သူ..သိမှာမဟုတ်ပေမယ့်…
ဒီနေ့အထိ…
သူ့အကြောင်းတွေပဲ..
သတိရ…နေမိသေးတယ်……။
သူ့ကို မမြင်တာ ကြာပေမယ့်…
အရင်အချိန်တွေကို ပြန်ပြန်လွမ်း…
တစ်ခါ တစ်ခါ…
အတိတ်မြက်ခင်းစိမ်းတွေမှာ..
ကျွန်တော် တစ်ယောက်ထဲ လျှောက်လှမ်းလို့ပေါ့….
အချစ်ဦးဆိုတာ…
နှလုံးသားထောင့်မှာ…ရေးထိုးထားတဲ့ ကမ္ဗည်းစာမို့…
တစ်သက်တာသိမ်းဆည်း…
သူဟာ..ကျွန်တော့်အတွက်တော့..
ထာဝရရှိနေမယ့်.. နတ်သမီး လေ……..။
လေးညှို့ရှင်
No comments:
Post a Comment