ငါ့ကလောင်သွား မြှားတစ်စင်းလိုထိုးဖောက် မင်းတို့ရင်ထဲအထိရောက်အောင် ငါပို့ဆောင်မယ်.........

Thursday, January 1, 2009

ဒီဇင်ဘာသို့ နှုတ်ဆက်ခြင်း

ဒီဇင်ဘာရေ...
နှုတ်ဆက်ခဲ့ပါတယ်.....

နှင်းပွင့်တွေ ကျဆင်း...
အကင်းမသေသေးတဲ့..
နာကျင်ခြင်းတွေနဲ့...
မင်းကို စွန့်ခွာ....
နှစ်သစ်တစ်ခုဆီကို..
ငါ...သွားတော့မယ်.....

ပျော်ရွှင်ရတာတွေ..
နာကျင်ရတာတွေ.....
စိတ်ညစ်ခဲ့ရတာတွေ..
နှစ်သိမ့်ခဲ့ရတာတွေ...
ခံစားချက်တွေကိုပြန်မတွေး..
ဗီရိုထောင့်ကလေးမှာ.. လုံးထွေးထားခဲ့မယ်....

ဒီဇင်ဘာရေ...
ကံဆိုးလှတဲ့ ငါ့အတွက်...
မင်းက..
ဝိုင်ချိုချို တစ်ခွက်..
ပေးခဲ့သေးတယ်နော်....

သူ့ရင်ထဲမှာ..
ငါ့ဖို့ နေရာမရှိဘူးလို့ထင်ခဲ့တဲ့..
တစ်စုံတစ်ယောက်ရဲ့..နှစ်သိမ့်စကား...
ငါ့..စိတ်ဓါတ်အတွက်
အင်အား..ဖြစ်စေခဲ့တယ်....

ဒီဇင်ဘာရေ...
အေးမြတဲ့ လေညင်းတွေနဲ့ ပွေ့ဖက်..
ကောင်းခြင်းတွေနဲ့...
ငါ့ကို နှုတ်ဆက်ပါ......

နံနက်ခင်းရဲ့...
တောက်ပတဲ့..အလင်းတွေနဲ့အတူ....
နှစ်သစ်တစ်ခုကို.. ခရီးဆက်......
နောက်တစ်ကြိမ်..
မင်းနဲ့တွေ့မယ့်ရက်ကို.....
အလွမ်းတွေနဲ့... ငါရေတွက်နေမယ်.........................။

No comments:

Post a Comment