လွမ်းခဲ့ရတာ ဆယ့်နှစ်ရာသီ…
ချစ်တတ်စကတည်းက အလွမ်းနဲ့ယဉ်ပါး….
ငါက….
အလွမ်းရာသီဖွားပါ………..။
ဇာတာကို တွက်ချက်….
စန်းယှဉ်တာက အလွမ်းနက္ခတ်တဲ့…
ကံကြမ္မာပြဌာန်း..
လွတ်လမ်းလဲ မရှိတော့ပါဘူး….
နိဂုံးမရှိတဲ့ဇာတ်လမ်း…
အဆုံးသတ်ရင် လွမ်းရမှာ သိပေမယ့်…
နာကျင်စရာတွေမေ့ပစ်…
တစ်ခါ ထပ်ပြီး ချစ်ချင်သေးတယ်……
ကြေမွသွားတဲ့ မျှော်လင့်ချက်တွေ..
မျက်ရည်လူးခဲ့ရတဲ့ အိပ်မက်ဦးတွေနဲ့…
မပြောဖြစ်ခဲ့တဲ့ ရင်ထဲကစကားတွေ…
အားလုံးကို မြိုသိပ်…
တိတ်တိတ်လေးပဲ မေ့ပစ်လိုက်တော့မယ်……..
သိပ်ချစ်တတ်ခဲ့ဘူးတဲ့….
ငါ့ရဲ့ နှလုံးသား….
ဒဏ်ရာတွေပဲ များများလာလို့….
ခုဆို..
တဖြည်းဖြည်း လုံးပါးပါးနေပြီ……
အတိတ်ဘ၀က..၀ဋ်ကြွေးမကင်း….
သူများချစ်ခြင်းတွေကို ခွင်းခဲ့ဘူးလို့များလား..
တစ်ခါ..တစ်ခါ..
ငါစဉ်းစားမိတယ်……..
စကားတင်းတွေ..ဘယ်လိုဆိုဆို….
မှားယွင်းမှုတစ်ခုလို..
အလွမ်းဆိပ်က..ချိုနေတာမို့…..
ကံဆိုးကောင်ရဲ့ ရင်ထဲ…
ဘယ်တော့မှ… မိုးမစဲနိုင်တာပဲ ထင်ပါရဲ့….
ရှိစေတော့လေ…
ဝဋ်ရှိသမျှ ခုဘ၀မှာ ကျေနိုင်ဖို့….
မီးပူဇော် .. ရေချမ်းဆက်…..
စနေထောင့်မှာ.. ပန်းကပ်မယ်……….
လေးညှို့ရှင်
No comments:
Post a Comment