ငါ့ကလောင်သွား မြှားတစ်စင်းလိုထိုးဖောက် မင်းတို့ရင်ထဲအထိရောက်အောင် ငါပို့ဆောင်မယ်.........

Saturday, February 20, 2010

သစ္စာထား

ချစ်သူရေ...
ပိုင်ဆိုင်ရတာနဲ့..ဆုံးရှုံးရတာဆိုရင်..
မပြိုင်ပဲနဲ့ အမြဲရှုံးခဲ့ရတဲ့ ကိုယ့်အတွက်..
မင်းက..
ဘုရားပေးတဲ့ ဆုလာဘ်ပေါ့.....။

အလိုမကျမှုတွေ..
အတ္တတွေနဲ့ ထွေးလုံးရစ်ပတ်..
မှောင်မိုက်နေတဲ့ ကိုယ့်စိတ်ဓါတ်တွေလဲ..
မင်းရဲ့ အချစ်တွေနဲ့..
နှစ်သိမ့်ရွှင်လန်း...
ကြည်လင် ငြိမ်းချမ်းခဲ့ပြီလေ...။

အခြေအနေမပေးလို့..
တို့နှစ်ယောက် မဆုံနိုင်သေးပေမယ့်..
သစ္စာတရားနဲ့ ခရီးဆက်..
ချစ်ခြင်းတွေနဲ့..
ဝေးရတဲ့ရက်တွေကို ကျော်ဖြတ်ကြမယ်...။

မနက်ဖန်တိုင်းက လှပ..
ချိုမြတဲ့ လေပြေညင်းရဲ့ ဂီတနဲ့အတူ..
အရာရာကို ရင်ဆိုင်..
လက်တွေ ခိုင်ခိုင်တွဲကြမယ်....။

တစ်ယောက်နဲ့ တစ်ယောက်..
နားလည်မှုတွေ တည်ဆောက်လို့..
သံသယမီးတောက်တွေကိုငြှိမ်း..
ဘယ်တော့မှ မစိမ်း ဘူးနော်....။

သူတစ်ကိုယ် ကိုယ်တစ်ခြား..
ဝေးရမယ့် စကားဆိုရင်..
တခွန်းမှ မ.ဟ..
လုံးဝ မေ့ထားကြမယ်....။

မင်းကိုချစ်တဲ့...ကိုယ့်ရဲ့အချစ်..
ကိုယ့်ကိုချစ်တဲ့...မင်းရဲ့အချစ်..
အမြဲတမ်းသစ်နေအောင်..
ကာရံတွေ ရှာကြံတွေး...
ကဗျာတွေ အပြန်အလှန်ရေးကြမယ်....။

ရေခြား မြေခြား..
ကမ္ဘာတစ်ခြမ်းပါ ခြားနေလို့..
စိတ်ချင်း ဆက်သွယ်...
အိပ်မက်တိုင်းမှာ တွေ့ကြမယ်နော်....။

ချစ်သူရေ..
လော်လည်ဖောက်ပြား..
မင်းအပြင်..တခြားရင်ခွင် ရှိသေးလားလို့..
သံသယအတွေး..
မြူမှုန်လောက်မှ မမွေးပါနဲ့ကွယ်....။

တခြားတစ်ယောက်အတွက်..
နောက်ထပ်မရှိတော့မယ့် ချစ်ခြင်းနဲ့...
မင်းအတွက်ကိုသာ..အလေးထား..
ဒါက..ကိုယ့်ရဲ့ ...
သစ္စာတရားပါပဲကွယ်.....။


လေးညှို့ရှင်

No comments:

Post a Comment